CLL HEALTH ကျန်းမာသုတ
Nasogastric or Orogastric (NG or OG) Feeding For Enteral Nutrition (နှာခေါင်းပိုက် သို့မဟုတ် ပါးစပ်ပိုက်မှတစ်ဆင့် အစာအာဟာရပေးခြင်း)
နှာခေါင်းပိုက် သို့မဟုတ် ပါးစပ်ပိုက်မှတစ်ဆင့် အာဟာရပေးခြင်းသည် အစာမျိုချရန် ခက်ခဲသော လူနာများအတွက် ရေတိုအာဟာရ ပြည့်ဝစွာရရှိစေမည့် နည်းလမ်းဖြစ်ပြီး အဆုတ်ရောင်ခြင်းကဲ့သို့ နောက်ဆက်တွဲဆိုးကျိုးများ ကာကွယ်ရန် မှန်ကန်သော အစာကျွေးနည်းနှင့် ကိုယ်နေဟန်ထား ထိန်းသိမ်းမှု အထူးလိုအပ်သည်။
Non-Invasive Prenatal Testing – NIPT (သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ မိခင်လောင်းသွေးမှတစ်ဆင့် စစ်ဆေးခြင်း)
သန္ဓေသားတွင် မွေးရာပါချို့ယွင်းချက်များ ရှိမရှိ မိခင်လောင်းသွေးမှတစ်ဆင့် စစ်ဆေးခြင်းသည် မိခင်နှင့် သန္ဓေသားကို အန္တရာယ်မဖြစ်စေဘဲ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာပင် ရင်သွေးငယ်၏ မျိုးဗီဇဆိုင်ရာ ကျန်းမာရေးအခြေအနေကို တိကျစွာ ခန့်မှန်းသိရှိနိုင်သော ခေတ်မီပြီး ဘေးကင်းသည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။
Needle Biopsy (အပ်ဖြင့် အသားစယူ စစ်ဆေးခြင်း)
အပ်ဖြင့် အသားစယူစစ်ဆေးခြင်းသည် ခန္ဓာကိုယ်တွင်းရှိ တစ်ရှူး၊ အရည် သို့မဟုတ် ဆဲလ်နမူနာများကို အပ်ဖြင့်ရယူကာ ရောဂါရှာဖွေအတည်ပြုခြင်းဖြစ်ပြီး ပြင်ပလူနာအဖြစ် စစ်ဆေးနိုင်သည်။
Nasogastric tube (နှာခေါင်းပိုက်)
နှာခေါင်းပိုက်မှတစ်ဆင့် အစားအစာနှင့် ဆေးဝါးများ ထည့်နိုင်သည့်အပြင် အစာအိမ်အတွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားနိုင်သောကြောင့် အကျိုးရှိသကဲ့သို့ ကျွမ်းကျင်သူမှ စနစ်တကျ ထည့်ပေးရန်လည်း အရေးကြီးသည်။
Normal vaginal delivery (သဘာဝအတိုင်း ရိုးရိုးမွေးဖွားခြင်း)
ကိုယ်ဝန်ဆောင်မိခင်များအတွက် သဘာဝအတိုင်း မွေးလမ်းကြောင်းမှ မွေးဖွားခြင်းသည် မိခင်ရော ကလေးအတွက်ပါ အကျိုးရှိသည်။
Newborn screening (မွေးကင်းစတွင် အရေးကြီးရောဂါများကို ကြိုတင်စမ်းသပ်ရှာဖွေခြင်း)
နောင်တွင်ဖြစ်လာနိုင်သည့် အရေးကြီးသော၊ ကြိုတင်စောင့်ကြည့်ကုသနိုင်သော ရောဂါများကို မွေးကင်းစမှပင် ကြိုတင်ရှာဖွေခြင်းဖြင့် တစ်ဘ၀လုံးအတွက် ဆိုးရွားသောအကျိုးဆက်များကို ကာကွယ်ပေးနိုင်သည်။

