CLL HEALTH ကျန်းမာသုတ
Meniere’s disease [အတွင်းနား၌ နားတွင်းပြန်ရည်စု၍ ဖိအားများသည့်ရောဂါ (မန်းနီးယဲစ် ရောဂါ)]
အတွင်းနားတွင် ဖြစ်ပွါးသော နာတာရှည်ရောဂါဖြစ်ပြီး နားတွင်းပြန်ရည်များ စုလာ၍ ဖိအားများလာခြင်းကြောင့် ချာချာလည်မူးခြင်း၊ နားအူခြင်း၊ နားမကြားခြင်းတို့ကို ဖြစ်စေကာ ရောဂါလက္ခဏာများ သက်သာစေရန် ဆေးဝါးများနှင့် ကုသခြင်း၊ ခွဲစိတ်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
Male Breast Cancer (အမျိုးသား ရင်သားကင်ဆာ)
အမျိုးသား ရင်သားကင်ဆာသည် ရှားပါးသော်လည်း အမျိုးသားများတွင် ရင်သားတစ်ရှူး ပမာဏနည်းပါးခြင်းကြောင့် ဖြစ်ပွါးပါက ကင်ဆာဆဲလ်များ ပိုမိုလျင်မြန်စွာ ပျံ့နှံ့နိုင်သဖြင့် ပုံမှန်မဟုတ်သော အကျိတ် သို့မဟုတ် ပြောင်းလဲမှုများကို စောစီးစွာ ရှာဖွေကုသရန် အလွန်အရေးကြီးသည်။
Motor Neurone Disease – MND (ကြွက်သားအာရုံကြော ပျက်စီးခြင်းကြောင့် ကြွက်သားအားနည်းသောရောဂါ)
ကြွက်သားအာရုံကြော ပျက်စီး၍ ကြွက်သားအားနည်းသည့်ရောဂါသည် ရှားပါးပြီး ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးသည့် ရောဂါအခြေအနေတစ်ခုဖြစ်သည်။
Marfan Syndrome (မားဖန်းရောဂါလက္ခဏာစု)
မားဖန်းရောဂါလက္ခဏာစုသည် တွယ်ဆက်တစ်ရှူးများ၏ မျိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော မွေးရာပါ အရပ်ရှည်ရောဂါတစ်မျိုးဖြစ်သည်။
Multiple sclerosis (MS) (အာရုံကြောဖုံးအဆီလွှာ ပျက်စီးသောရောဂါ)
ကိုယ်ခံအား မူမမှန်တုံ့ပြန်မှုကြောင့် အာရုံကြောများ ထိခိုက်ပျက်စီးသော ရောဂါတစ်မျိုးဖြစ်ပြီး နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန် စောစီးစွာ သိရှိကုသမှု လိုအပ်သည်။
Mastitis and Breast Abscess (ရင်သားပိုးဝင်ရောင်ရမ်းခြင်းနှင့် ရင်သားပြည်တည်နာ)
အမျိူးသမီးများ ရင်သားတွင် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ ပြည်တည်နာဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပဋိဇီဝပိုးသတ်ဆေးများဖြင့် စနစ်တကျကုသရန်လိုသည်။



