CLL HEALTH ကျန်းမာသုတ
Laparoscopic ovarian drilling (သားဥအိမ်၌ မှန်ပြောင်းမှတစ်ဆင့် အပေါက်ငယ်များဖောက်ခြင်း)
သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သော ရောဂါစု (PCOS) ရှိနေပြီး၊ သားဥကြွေစေသော ဆေးဝါးများဖြင့် သားသမီးရရန် လုပ်ဆောင်သော်လည်း မအောင်မြင်သေးသော အမျိုးသမီးများအတွက် ရွေးချယ်စရာ ကုသမှုတစ်ခုဖြစ်သည်။
Liver biopsy (အသည်းကို အသားစယူ၍ စစ်ဆေးခြင်း)
အသည်းမှ သေးငယ်သော တစ်ရှူးအပိုင်းအစလေးများကို ထုတ်ယူပြီး အဏုကြည့်မှန်ပြောင်းအောက်တွင် ကြည့်ရှုစစ်ဆေးပြီး ရောဂါရှာဖွေခြင်းဖြစ်သည်။
Local Anaesthesia (ထုံဆေးပေးခြင်း)
ခွဲစိတ်မှုနှင့်ကုသမှုများ ခံယူနေစဥ် လူနာတွင် အသိရှိနေသော်လည်း နာကျင်မှုမရှိစေရန် အသုံးပြုသောဆေးများဖြစ်သည်။
Liver function tests (အသည်းစွမ်းဆောင်ရည်စစ်ဆေးခြင်း)
အသည်းရောဂါ အမျိုးအစားနှင့် ပြင်းထန်မှုကို အသည်းစွမ်းဆောင်ရည် သွေးစစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။
Lumbar puncture (ခါးဆစ်ကြားမှအရည်ထုတ်ယူစစ်ဆေးခြင်း)
ခါးဆစ်ကြားမှ အရည်ထုတ်ယူစစ်ဆေးခြင်းသည် ဦးနှောက်နှင့်အာရုံကြောရောဂါများ အထူးသဖြင့် ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများ ရှာဖွေစစ်ဆေးကုသရာတွင် အရေးပါသော စစ်ဆေးချက်တစ်ခုဖြစ်သည်။
Liver transplant (အသည်းအစားထိုးကုသခြင်း)
အခြားကုသနည်းများဖြင့် ပြန်လည်မကောင်းနိုင်သည့် အသည်းလုပ်ငန်းပျက်စီးနေသောလူနာ၏ အသည်းကို ခွဲစိတ်ဖယ်ရှားပြီး အလှူရှင်ထံမှ ကောင်းမွန်သော အသည်းဖြင့်အစားထိုးကုသခြင်းဖြစ်သည်။

