CLL HEALTH ကျန်းမာသုတ
Liver Tumours in Children (ကလေးငယ်များတွင်ဖြစ်သော အသည်းအကျိတ်များ)
ကလေးငယ်များတွင်ဖြစ်ပွါးသော အသည်းအကျိတ်များသည် အန္တရာယ်မရှိသော အကျိတ်များ ဖြစ်နိုင်သကဲ့သို့ ကင်ဆာကျိတ်များလည်း ဖြစ်နိုင်သဖြင့် ဆောလျင်စွာ စစ်ဆေးကုသရန် လိုအပ်သည်။
Lumbar Disc Herniation (Prolapsed Intervertebral Disc) (ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်း)
ခါးရိုးဆစ်အရိုးနုပြား ကျွံထွက်ခြင်းကြောင့် ကပ်လျက်ရှိသော အာရုံကြောများကို ဖိမိနိုင်ပြီး နာကျင်ခြင်း၊ ထုံကျဥ်ခြင်း လက္ခဏာများ ခံစားရကာ ပြင်းထန်ပါက ခွဲစိတ်မှုများ လိုအပ်နိုင်သည်။
Lymphatic Filariasis (ဆင်ခြေထောက်ရောဂါ)
အပူပိုင်းဒေသများတွင် အဖြစ်များသော ဆင်ခြေထောက်ရောဂါသည် ခြင်ကိုက်ရာမှတစ်ဆင့် ကူးစက်သော ကပ်ပါးသန်ကောင်ကြောင့် ဖြစ်ပွါးပြီး စောစီးစွာ မကုသပါက နောက်ဆက်တွဲပြဿနာများစွာ ဖြစ်နိုင်သည်။
Lactose Intolerance (နို့တွင်ပါဝင်သော သကြားဓာတ်အား မချေဖျက်နိုင်ခြင်း)
နို့နှင့်နို့ထွက်ပစ္စည်းများ စားသုံးချိန်တိုင်း နို့တွင်ပါဝင်သော Lactose သကြားဓာတ်အား မချေဖျက်နိုင်ခြင်းကြောင့် အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများပြလေ့ရှိပြီး နောက်ဆက်တွဲပြဿနာများအနေဖြင့် ဗီတာမင်၊ သတ္တုဓာတ်ချို့တဲ့ခြင်းများ ဖြစ်ပေါ်နိုင်သည်။
Leptospirosis (လက်ပ်တိုစပိုင်ရိုးစစ်ရောဂါ)
တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သော ရောဂါဖြစ်ပြီး မသန့်ရှင်းသော ရေနှင့် အစားအစာများမှတစ်ဆင့် ကူးစက်နိုင်သည်။ စောစောကုသမှု ပေးနိုင်ပါက ရောဂါပြင်းထန်မှုလျော့ပြီး နောက်ဆက်တွဲပြဿနာများကိုလည်း လျှော့ချပေးနိုင်သည်။
Labial Fusion (မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်း)
မိန်းမကိုယ် အတွင်းနှုတ်ခမ်းသားပူးခြင်းသည် အများအားဖြင့် အန္တရာယ်မဖြစ်နိုင်သော်လည်း ရောဂါလက္ခဏာများဖြစ်ပေါ် ပါက ကုသမှုခံယူရန် လိုအပ်သည်။



