CLL HEALTH ကျန်းမာသုတ
Juvenile Dermatomyositis – JDM (ကလေးများတွင်ဖြစ်သော အရေပြားနှင့် ကြွက်သားရောင်ရမ်းခြင်းရောဂါ)
ကလေးများတွင်ဖြစ်သော အရေပြားနှင့် ကြွက်သားရောင်ရမ်းခြင်းရောဂါသည် ကြွက်သားများ အားနည်းခြင်းနှင့် အရေပြားလက္ခဏာများစွာကို ဖြစ်စေသော ကိုယ်ခံအားမူမမှန်ရောဂါတစ်ခုဖြစ်ပြီး၊ အချိန်မီသိရှိ၍ စနစ်တကျကုသမှုခံယူပါက ပုံမှန်အတိုင်း ပြန်လည်ကျန်းမာလာနိုင်သည့် ရောဂါဖြစ်သည်။
Juvenile Idiopathic arthritis (ကလေးများတွင်ဖြစ်ပွါးသော နာတာရှည်အဆစ်ရောင်ရောဂါ)
နာတာရှည်အဆစ်ရောင်ရောဂါသည် လူကြီးများတွင်သာမက ကလေးများတွင်လည်း ဖြစ်ပွါးတတ်ပြီး ရေရှည် စနစ်တကျ ဆေးဝါးကုသမှုခံယူရန်လိုအပ်သည်။
Joint dislocations (အဆစ်လွဲခြင်း)
အရေးပေါ်အခြေအနေတစ်ခုဖြစ်သော အဆစ်လွဲခြင်းကို အချိန်မီကုသမှုမရှိလျှင် ဆိုးရွားသော နောက်ဆက်တွဲပြဿနာများ ကြုံတွေ့နိုင်သည်။
Japanese encephalitis (ဂျပန်ဦးနှောက်ရောင်ရောဂါ)
ဂျပန်ဦးနှောက်ရောင်ရောဂါဗိုင်းရပ်စ်ပိုးသည် ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် လူကို ကူးစက်သောရောဂါဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ရှိခြင်းကြောင့် ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်သင့်သည်။
Jaw dislocation and jaw fracture (မေးရိုးအဆစ်လွဲခြင်းနှင့်မေးရိုးကျိုးခြင်း)
မေးရိုးသည် နားထင်မေးရိုးအဆစ်အစုအဝေးအတွင်း ရှိမနေဘဲ နေရာလွဲခြင်း သို့မဟုတ် ကျိုးခြင်းဖြစ်ပြီး၊ အဆိုပါအခြေအနေနှစ်ခုလုံး ယှဥ်တွဲ၍ တွေ့ရနိုင်သည်။
Jaundice (အသားဝါခြင်း)
ခန္ဓာကိုယ်တွင် ဘီလီရူဘင် အဝါဓာတ် (Bilirubin) များခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာတစ်ခုဖြစ်ပြီး ဖြစ်စေသောအကြောင်းရင်းများစွာ ရှိနိုင်သဖြင့် စနစ်တကျ ရောဂါရှာဖွေ ကုသမှုခံယူရန် လိုအပ်သည်။



