CLL HEALTH ကျန်းမာသုတ
Interventional radiology (IR) (ကုသမှုဆိုင်ရာ ဓာတ်မှန်နည်းပညာများ)
ကုသမှုဆိုင်ရာ ဓာတ်မှန်နည်းပညာ (Interventional Radiology) သည် ခေတ်မီပုံရိပ်ဖော်စက်များကို လမ်းညွှန်အဖြစ်အသုံးပြု၍ အကြီးစားခွဲစိတ်ရန်မလိုဘဲ အပ်ပေါက်ရာအရွယ်အစားမျှဖြင့် ရောဂါများကို တိကျဘေးကင်းစွာ ကုသပေးနိုင်သော၊ နာကျင်မှုနည်းပါးပြီး အလျင်အမြန် ပြန်လည်ကျန်းမာစေသော အဆင့်မြင့်ဆေးပညာရပ်ဖြစ်သည်။
Induction of labour (IOL) (သားအိမ်ပွင့်အောင် လှုံ့ဆော်ခြင်းဖြင့် ကလေးမွေးဖွားမှု စတင်စေခြင်း)
သဘာဝအတိုင်းမွေးဖွားမည့် ကိုယ်ဝန်ဆောင်မိခင်များတွင် မိခင်နှင့် သန္ဓေသားအတွက် အန္တရာယ်ဖြစ်နိုင်ခြေရှိသောအခြေအနေများ၌ ဆေးဝါးများ၊ ကိရိယာများကို အသုံးပြု၍ သားအိမ်ခေါင်းပွင့်လာစေရန်နှင့် သားအိမ်ညှစ်အားတိုးလာစေရန် လှုံ့ဆော်ပေးသည့်နည်းလမ်းဖြစ်သည်။
In vitro fertilization (ဖန်ပြွန်သန္ဓေသားနည်းပညာ)
ယနေ့ကမ္ဘာတစ်ဝန်း၌ ဖန်ပြွန်သန္ဓေသားနည်းပညာကို သားသမီးရရှိစေသော အထောက်အကူပြု နည်းလမ်းအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။
Intrauterine insemination (သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း)
သားသမီးရရန် ခက်ခဲနေသော အိမ်ထောင်ရှင်များအတွက် ကူညီပေးနေသော နည်းပညာများထဲမှ ရိုးရှင်းသော နည်းပညာတစ်ခုဖြစ်သည်။
IUCD (သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်း)
သားအိမ်အတွင်းထည့် သားဆက်ခြားပစ္စည်းသည် အသုံးများသော ပဋိသန္ဓေတားဆီးသည့် နည်းလမ်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

