CLL HEALTH ကျန်းမာသုတ
Hearing Tests (အကြားအာရုံ စမ်းသပ်စစ်ဆေးသည့် နည်းလမ်းများ)
အကြားအာရုံစစ်ဆေးမှုဆိုသည်မှာ မွေးကင်းစကလေးမှစ၍ လူကြီးများအထိ အသက်အရွယ်အလိုက် သင့်တော်သောနည်းလမ်းမျိုးစုံဖြင့် အကြားအာရုံအခြေအနေ၊ ပြင်းထန်မှု၊ အသံဝင်ရောက်ရာ လမ်းကြောင်းပြဿနာ၊ အာရုံကြောပိုင်းဆိုင်ရာ ပြဿနာများကို တိကျစွာ ရှာဖွေဖော်ထုတ်ပေးနိုင်သော အရေးကြီးစစ်ဆေးမှုဖြစ်သည်။
Holter monitor (နှလုံးခုန်နှုန်းနှင့် နရီစည်းချက် စောင့်ကြည့်စစ်ဆေးခြင်း)
နှလုံးခုန်နှုန်းနှင့် နရီစည်းချက်ကို (၂၄)နာရီ မှ (၄၈)နာရီကြာ ဆက်တိုက်မှတ်တမ်းတင်ထားနိုင်ပြီး နှလုံးနရီစည်းချက်မမှန်သော ရောဂါများကို ရှာဖွေရန်နှင့် ကုသမှုများကို ဆုံးဖြတ်ရာတွင် အထောက်အကူပေးသည်။
Hepatobiliary Iminodiacetic Acid scan – HIDA Scan (သည်းခြေအိတ်နှင့် သည်းခြေပြွန်ဆိုင်ရာ ရောဂါများအတွက် ပုံရိပ်ဖော်စစ်ဆေးခြင်း)
HIDA scan (Hepatobiliary Iminodiacetic Acid scan) ဆိုသည်မှာ အသည်းမှ အူသိမ်ဆီသို့ သည်းခြေရည်စီးဆင်းမှုကို ခြေရာခံခြင်းဖြင့် သည်းခြေအိတ်နှင့် သည်းခြေပြွန်များဆိုင်ရာ ပြဿနာများကို ရှာဖွေဖော်ထုတ်ရန် အသုံးပြုသည့် ပုံရိပ်ဖော် စစ်ဆေးနည်းတစ်ခုဖြစ်သည်။
Hernia Surgery (အူကျွံရောဂါ ခွဲစိတ်ကုသခြင်း)
အူကျွံရောဂါ ခွဲစိတ်ကုသခြင်းသည် ကျွံထွက်နေသော ကိုယ်တွင်းအင်္ဂါများကို မူလနေရာသို့ ပြန်လည်ထည့်သွင်းခြင်းနှင့် အားပျော့နေသည့် ကြွက်သားနံရံကို အားဖြည့်ပြုပြင်ပေးခြင်းတို့ ပါဝင်သော ခွဲစိတ်ကုသခြင်းဖြစ်သည်။
Hip Replacement Surgery (တင်ပါးဆုံဆစ်အစားထိုးခွဲစိတ်ကုသခြင်း)
တင်ပါးဆုံဆစ်အစားထိုးခွဲစိတ်ကုသခြင်းသည် တင်ပါးဆုံဆစ်အတွင်းရှိ ပျက်စီးယိုယွင်းနေသော အရိုးများကို ဖယ်ရှားကာ အဆစ်အစားထိုးပစ္စည်းဖြင့် ခွဲစိတ်ကုသခြင်းဖြစ်သည်။
Hysterectomy (သားအိမ်ထုတ်ခြင်း)
သားအိမ်ကင်ဆာအပါအဝင် သားအိမ်နှင့်ပတ်သက်သော အခြားရောဂါများအတွက် လိုအပ်ပါက သားအိမ်ကို ခွဲစိတ်ဖယ်ရှားခြင်း ပြုလုပ်ရသည်။

