CLL HEALTH ကျန်းမာသုတ
Hepatitis A Vaccine (အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး)
အသည်းရောင်အသားဝါ အေ ရောဂါကို ကာကွယ်ရန် အန္တရာယ်ကင်းစေသော စားသောက်ခြင်း အလေ့အထများကို လိုက်နာဆောင်ရွက်သင့်သည့်အပြင် အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးထိုးခြင်းဖြင့်လည်း ကာကွယ်နိုင်သည်။
HIV Treatment (ART) [အိတ်ချ်အိုင်ဗွီရောဂါပိုးထိန်းဆေးဖြင့် ကုသခြင်း (အေအာတီ)]
အိတ်ချ်အိုင်ဗွီရောဂါ ကုသရာတွင် ထိရောက်သည့်ကုထုံးဖြစ်ပြီး မှန်ကန်စွာ စဥ်ဆက်မပြတ် သောက်သုံးပါက ပုံမှန်လူများအတိုင်း ကျန်းမာစွာ သက်တမ်းစေ့နေနိုင်သည့်အပြင် အခြားသူများထံ ကူးစက်နိုင်ခြေကိုလည်း လျော့နည်းစေသည်။
Human papillomavirus vaccine (HPV vaccine) (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး)
ကြွက်နို့ရောဂါဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါအတွက် ကာကွယ်ဆေးဖြစ်ပြီး ဆယ်ကျော်သက်အရွယ်တွင် စတင်ထိုးနှံနိုင်သည်။
Haemophilus influenzae Type B Vaccine (ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ကာကွယ်ဆေး)
Haemophilus influenzae type B (Hib) ဘက်တီးရီးယားပိုးသည် ပြင်းထန်ရောဂါများဖြစ်သော နမိုးနီးယားအဆုတ်ရောင်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ အသံအိုးဖုံးရောင်ရမ်းခြင်း စသည်တို့ဖြစ်စေပြီး အသက်အန္တရာယ်ရှိနိုင်သောကြောင့် ကာကွယ်ဆေးထိုး၍ ကြိုတင်ကာကွယ်ရမည်။
Hepatitis B vaccine (အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေး)
အသည်းရောင်အသားဝါ ဘီ ရောဂါပိုးသည် အသည်းရောင်ရမ်းခြင်းမှ အသည်းကင်ဆာဖြစ်သည်ထိ ပြင်းထန်နိုင်သောကြောင့် ကာကွယ်ဆေးထိုးခြင်းဖြင့် အထိရောက်ဆုံး ကာကွယ်နိုင်သည်။

