CLL HEALTH ကျန်းမာသုတ
Ganglion Cyst (ဂန်ဂလီယံအရည်အိတ်)
ဂန်ဂလီယံအရည်အိတ်သည် အဆစ်နှင့် အရွတ်များတွင် ဖြစ်ပေါ်တတ်သော ကင်ဆာမဟုတ်သည့် အကျိတ်ငယ်များဖြစ်ပြီး များသောအားဖြင့် သူ့အလိုလို ပျောက်ကင်းနိုင်သော်လည်း နာကျင်ခြင်း သို့မဟုတ် အာရုံကြောဖိမိခြင်းများရှိပါက ကုသမှုခံယူရန် လိုအပ်သည်။
Giant Cell Arteritis (Temporal arteritis) (နားထင်သွေးလွှတ်ကြော ရောင်ရမ်းသောရောဂါ)
အသက်ကြီးသူများတွင် အဓိကဖြစ်ပွါးသော သွေးကြောရောင်ရောဂါဖြစ်ပြီး မျက်စိအမြင်အာရုံ ထိခိုက်ဆုံးရှုံးနိုင်သောကြောင့် အမြန်ကုသမှု ခံယူရန်လိုသည်။
Gastroschisis and Omphalocele (မွေးရာပါ ဝမ်းဗိုက်မှအူကျွံထွက်ခြင်း)
မွေးရာပါ ဝမ်းဗိုက်မှအူကျွံထွက်ခြင်းဆိုသည်မှာ ကလေးမွေးဖွားလာချိန်တွင် တွေ့ရသော ချက်ပတ်လည်နေရာ၌ အူနှင့် အခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအချို့ ဝမ်းဗိုက်အပြင်ဘက်သို့ ကျွံထွက်နေခြင်းဖြစ်ပြီး တစ်ခါတစ်ရံ ချက်ချင်းခွဲစိတ်ကုသရန် လိုနိုင်သည်။
Gastroesophageal Reflux Disease – GERD (စားချဉ်ပြန်ရောဂါ)
စားချဉ်ပြန်ရောဂါသည် အစာအိမ်မှအစာခြေရည်အက်ဆစ်များ ဆန်တက်ရာမှ အစာရေမျိုပြွန်နံရံတစ်ရှူးများကို ထိခိုက်စေသော ရောဂါဖြစ်ပြီး စနစ်တကျကုသလျှင် ပျောက်ကင်းနိုင်သည်။
Goitre (လည်ပင်းကြီးရောဂါ)
လည်ပင်းရှိ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားလာခြင်းကြောင့်ဖြစ်သော လည်ပင်းကြီးရောဂါတွင် ဖြစ်ပွါးစေသည့် အကြောင်းရင်းများစွာရှိသည်။
Glaucoma (မျက်စိရေတိမ်ရောဂါ)
မျက်စိရေတိမ်ရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွါးနိုင်ပြီး စောစီးစွာ ကုသမှုရရှိပါက ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။



