CLL HEALTH ကျန်းမာသုတ
Fetal Growth Monitoring (သန္ဓေသားကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်း)
ကိုယ်ဝန်ဆောင်ကာလအတွင်း သန္ဓေသားကြီးထွားမှုကို စနစ်တကျ စောင့်ကြည့်အကဲဖြတ်ခြင်းသည် သန္ဓေသားညှက်ခြင်း သို့မဟုတ် ပုံမှန်ထက်ကြီးထွားခြင်း စသည့်ပြဿနာများကို စောစီးစွာ ရှာဖွေသိရှိနိုင်ပြီး မိခင်နှင့် ကလေးတို့၏ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်သည့် အလွန်အရေးကြီးသော ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ဖြစ်သည်။
FibroScan (အသည်း၏ မာကျောတောင့်တင်းမှုကို တိုင်းတာစစ်ဆေးခြင်း)
အသည်းရောဂါအမျိုးမျိုးကြောင့် အသည်းရောင်ရမ်းခြင်း၊ အသည်းတွင် အဆီများခြင်း၊ အသည်းအမာရွတ် ဖြစ်ခြင်းနှင့် အသည်းခြောက်ခြင်းတို့ကို သိရှိနိုင်ရန်အတွက် အထူးပြုလုပ်ထားသော အာထရာဆောင်းစက်ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး နာကျင်မှုနှင့် နောက်ဆက်တွဲပြဿနာ များစွာမရှိဘဲ ကိုယ်ခန္ဓာပြင်ပမှ လွယ်ကူရိုးရှင်းစွာ စစ်ဆေးနိုင်သော နည်းလမ်းဖြစ်သည်။
Fetal Scalp Blood Sampling Test (သန္ဓေသား၏ ဦးရေပြားမှ သွေးနမူနာယူ၍ စစ်ဆေးခြင်း)
သန္ဓေသား၏ ဦးရေပြားမှ သွေးနမူနာယူ၍ စစ်ဆေးခြင်းသည် မိခင်မီးဖွားနေစဉ်အတွင်း သန္ဓေသား၏ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများကို အချိန်မီ အကဲဖြတ်ပြီး အသက်ကယ်တင်နိုင်ရန် အရေးပေါ် ဆုံးဖြတ်ချက်များ မှန်ကန်စွာ ချမှတ်ရာတွင် အလွန်အရေးပါသော သားဖွားမီးယပ်ဆိုင်ရာ စစ်ဆေးမှုတစ်ခုဖြစ်သည်။
Fecal occult blood test (FOBT) (ဝမ်းထဲ၌ သွေးပါဝင်မှုကို စစ်ဆေးခြင်း)
ဝမ်းထဲ သွေးပါဝင်မှု စစ်ဆေးခြင်းသည် အူမကြီးကင်ဆာကို ဆောလျင်စွာ သိရှိကာကွယ်နိုင်ရန်အတွက် ဝမ်းထဲရှိ သာမန်မျက်စိဖြင့် မမြင်နိုင်သော သွေးကို အလွယ်တကူနှင့် အကုန်အကျသက်သာစွာ ကြိုတင်စစ်ဆေးနိုင်သည့် အလွန်အရေးပါသော အကြိုစစ်ဆေးမှုတစ်ခုဖြစ်သည်။
Fasting Before Surgery (ခွဲစိတ်မှုမပြုလုပ်မီ အစာနှင့်အရည် ကြိုတင်ရှောင်ခြင်း)
ကြိုတင်ပြင်ဆင်ထားသော ခွဲစိတ်ကုသမှုလိုအပ်သည့် လူနာများတွင် ခွဲစိတ်မှုမပြုလုပ်မီ အချိန်အတိုင်းအတာတစ်ခုအတွင်း အစာနှင့်အရည်များကို မစားမသောက်ဘဲ နေရခြင်းဖြစ်သည်။
Fetal ultrasound (သန္ဓေသားအာထရာဆောင်း)
အသံလှိုင်းကို အသုံးပြု၍ သန္ဓေသား၏ အနေအထား၊ ပုံမှန်ကြီးထွားမှုနှင့် ရောဂါအခြေအနေ လက္ခဏာများကို စစ်ဆေးကြည့်ရှုခြင်းဖြစ်သည်။

