CLL HEALTH ကျန်းမာသုတ
Foot Drop (ခြေဖျားကော့မရခြင်း)
ခြေဖျားကော့မရခြင်းသည် အာရုံကြော၊ ကြွက်သား သို့မဟုတ် ခါးရိုးအာရုံကြောမကြီးဆိုင်ရာရောဂါများ၏ အရေးကြီးသော လက္ခဏာတစ်ခုဖြစ်ပြီး၊ အခြေခံအကြောင်းရင်းကို အချိန်မီဖော်ထုတ်၍ ကာယကုထုံးနှင့် အထောက်အကူပြုကိရိယာများဖြင့် စောစီးစွာ စနစ်တကျကုသပါက ပုံမှန်အတိုင်း ပြန်လည်လမ်းလျှောက်နိုင်ခြေရှိသည်။
Faltering growth in children (ကလေးများ ကြီးထွားဖွံ့ဖြိုးမှု နှေးခြင်း သို့မဟုတ် ရပ်တန့်နေခြင်း)
ကလေးများ ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်း၏ အဓိကအကြောင်းရင်းမှာ စားသုံးသော အစာအာဟာရမှ ကယ်လိုရီ လုံလောက်စွာ မရရှိခြင်းဖြစ်သည်။
Fibroadenoma breast (ဖိုင်ဘရို အဒီနိုးမား ရင်သားအကျိတ်)
ဖိုင်ဘရို အဒီနိုးမားသည် ကင်ဆာမဟုတ်သည့် ရင်သားအကျိတ်အမျိုးအစားဖြစ်ပြီး အရွယ်အစားကြီးမားပါက ခွဲစိတ်ကုသရန် လိုအပ်သည်။
Fetal Macrosomia (သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်း)
မျိုးဗီဇကြောင့်ဖြစ်စေ၊ ကိုယ်ဝန်ဆောင်မိခင်၏ ရောဂါများကြောင့်ဖြစ်စေ သန္ဓေသား ပုံမှန်ထက်ကြီးထွားခြင်းကို ဖြစ်စေနိုင်သဖြင့် မိခင်တိုင်း ပုံမှန်ကိုယ်ဝန်စောင့်ရှောက်မှု ခံယူသင့်သည်။
Fibromyalgia (နာတာရှည် ကြွက်သားနာကျင်သောရောဂါ)
အကြောင်းရင်း အတိအကျမရှိသော နာတာရှည် ကြွက်သားနာကျင်သောရောဂါသည် နေ့စဥ်ဘဝလှုပ်ရှားသွားလာမှုများကို ထိခိုက်နိုင်ပြီး ကုသရန်လည်း ခက်ခဲနိုင်သည်။
Female Infertility (အမျိုးသမီး မျိုးမပွါးနိုင်ခြင်း)
အမျိုးသမီးများ မျိုးမပွါးနိုင်ခြင်းသည် အကြောင်းရင်းများစွာရှိနိုင်ပြီး ရောဂါရှာဖွေရန် ခက်ခဲသော်လည်း ကုသမှုရရှိပါက အများစုတွင် ကလေးပြန်လည်ရရှိသွားနိုင်သည်။



