CLL HEALTH ကျန်းမာသုတ
Echocardiogram (Echo) (အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း)
ကြိမ်နှုန်းမြင့် အသံလှိုင်းများ အသုံးပြု၍ နှလုံး၏ တည်ဆောက်ပုံ၊ အခြေအနေ၊ လုပ်ဆောင်ချက်နှင့် သွေးစီးဆင်းမှုနှုန်းများကို စစ်ဆေးခြင်းဖြစ်သည်။
External Cephalic Version or ECV (သန္ဓေသားအနေအထားမှန်အောင် လှည့်ပေးခြင်း)
ကိုယ်ဝန်ဆောင်မိခင်၏ သားအိမ်အတွင်းရှိ သန္ဓေသား၏ အနေအထားမမှန်ပါက မွေးဖွားချိန်တွင် မိခင်ရောကလေး ပါ အန္တရာယ်ရှိနိုင်သဖြင့် သန္ဓေသားအနေအထားမှန်အောင် လှည့်ပေးခြင်းကို ပြုလုပ်ရသည်။
Episiotomy (မွေးလမ်းကြောင်းချဲ့ခြင်း)
သဘာဝအတိုင်း ကလေးမွေးဖွားစဉ် မွေးလမ်းကြောင်း ကျဥ်းသောအခါတွင်ဖြစ်စေ၊ ကိရိယာများ၏ အကူအညီဖြင့် မွေးဖွားရန် လိုအပ်လာသည့်အခါတွင်ဖြစ်စေ မွေးလမ်းကြောင်းချဲ့ခြင်း ပြုလုပ်ရန် လိုအပ်နိုင်သည်။
Electrocardiogram or ECG (အီးစီဂျီစစ်ဆေးခြင်း)
အီးစီဂျီစစ်ဆေးခြင်းသည် နှလုံးသွေးကြောပိတ်ခြင်းနှင့် နှလုံးခုန်မမှန်ခြင်းကဲ့သို့ အရေးပေါ် ကျန်းမာရေးအခြေအနေများကို လျင်မြန်စွာ သိရှိနိုင်ရန် အသုံးဝင်သည်။
EEG (အီးအီးဂျီ စမ်းသပ်ခြင်း)
အတက်လက္ခဏာများကို ရှာဖွေရာတွင် EEG (Electroencephalogram) သည် ဦးနှောက်၏ ပုံမှန်မဟုတ်သော လျှပ်စစ်လှိုင်းများကို မှတ်တမ်းတင်ပေးခြင်းဖြင့် အတက်အမျိုးအစားနှင့် ၎င်းဖြစ်ပေါ်ရာနေရာကို ဖော်ထုတ်နိုင်သည့် အဓိကကျသော စစ်ဆေးမှုဖြစ်သည်။

