CLL HEALTH ကျန်းမာသုတ
Epilepsy and Pregnancy (အတက်ရောဂါနှင့် ကိုယ်ဝန်ဆောင်ခြင်း)
အတက်ရောဂါရှိသော အမျိုးသမီးများအတွက် ကိုယ်ဝန်ဆောင်ခြင်းသည် စိန်ခေါ်မှုများ ရှိနိုင်သော်လည်း ကိုယ်ဝန်မဆောင်မီကတည်းက ကြိုတင်ပြင်ဆင်ခြင်း၊ အတက်ကျဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း တိကျစွာသောက်သုံးခြင်းနှင့် သားဖွားမီးယပ်အထူးကု၊ ဦးနှောက်နှင့် အာရုံကြောအထူးကုတို့နှင့် စနစ်တကျ ပြသစောင့်ရှောက်မှုခံယူခြင်းဖြင့် ကျန်းမာသောမိခင်နှင့် ကလေးကို ဘေးကင်းစွာ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
Edwards Syndrome (Trisomy 18) (အက်ဒ်ဝပ်စ် ဆင်ဒရုန်း)
Edwards Syndrome (Trisomy 18) သည် ခန္ဓာကိုယ်အင်္ဂါအစုံတွင် ပြင်းထန်သော ချို့ယွင်းချက်များကို ဖြစ်စေသောကြောင့် သန္ဓေသားအများစုမှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း သေဆုံးတတ်ပြီး၊ အသက်ရှင်လျက်မွေးဖွားလာသည့် ကလေးငယ်များတွင်လည်း ပထမတစ်နှစ်အတွင်း ရှင်သန်နိုင်ခြေ (၁၀) ရာခိုင်နှုန်းခန့်သာရှိသည့် အသက်အန္တရာယ်အလွန်စိုးရိမ်ရသော မျိုးဗီဇဆိုင်ရာ အခြေအနေတစ်ရပ်ဖြစ်သည်။
Elbow fractures (တံတောင်ဆစ်အရိုးကျိုးခြင်း)
တံတောင်ဆစ်အရိုးကျိုးခြင်းသည် မတော်တဆထိခိုက်မှုများကြောင့် အဓိကဖြစ်ပွါးလေ့ရှိပြီး အာရုံကြောနှင့် သွေးကြောထိခိုက်မှုများအပြင် အဆစ်တောင့်တင်းခြင်းတို့လည်း တွဲ၍ဖြစ်နိုင်သည်။
Eye Floaters (Myodesopsias) (မျက်စိမြင်ကွင်းတွင် တွေ့လေ့ရှိသော အစက်အပျောက်များ)
မျက်စိမြင်ကွင်းအတွင်းရှိ အစက်အပျောက်များသည် ပုံမှန်အားဖြင့် အန္တရာယ်မရှိသော်လည်း မြင်လွှာကွာကျခြင်းကဲ့သို့ ပြင်းထန်သည့် အခြေအနေများနှင့် တွဲ၍ဖြစ်နိုင်သောကြောင့် မျက်စိအထူးကုဆရာဝန်နှင့် ပြသသင့်သည်။
Erectile Dysfunction – ED (ပန်းသေပန်းညှိုးရောဂါ)
ပန်းသေပန်းညှိုးရောဂါသည် သက်ကြီးပိုင်းအမျိုးသားများတွင် အဖြစ်များသော ကျန်းမာရေးပြဿနာဖြစ်ပြီး သက်သာစေရန် ဆေးဝါးများ၊ လေ့ကျင့်ခန်းများဖြင့် ကုသမှုခံယူနိုင်သည်။
Eardrum Perforation (နားစည်ပေါက်ခြင်း)
နားစည်ပေါက်ခြင်းသည် ကြိုတင်ကာကွယ်နိုင်သော အကြားအာရုံထိခိုက်ချို့ယွင်းနိုင်သည့် ရောဂါတစ်ခုဖြစ်သည်။



