CLL HEALTH ကျန်းမာသုတ
Diagnostic imaging (ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးနည်းများ)
ရောဂါရှာဖွေရေးဆိုင်ရာ ပုံရိပ်ဖော်စစ်ဆေးသည့် နည်းပညာသည် ခေတ်မီပုံရိပ်ဖော်နည်းပညာများကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ရောဂါအခြေအနေများကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်ခြင်းဖြင့် အချိန်မီ စောစီးစွာ ကုသမှုများ ခံယူနိုင်သောကြောင့် ကျန်းမာသောဘဝကို ပံ့ပိုးပေးသည့် အခြေခံအကျဆုံးသော ဆေးပညာရပ်ဖြစ်သည်။
DIRFloortime (သင့်ကလေး၏ ကမ္ဘာလေးထဲသို့ အတူတူ လှမ်းဝင်ကြည့်ကြပါစို့)
DIRFloortime သည် ကလေး၏ စိတ်ဝင်စားမှုကို အခြေခံ၍ မိဘနှင့် ကလေးအကြား နွေးထွေးသော အပြန်အလှန်တုံ့ပြန်မှုများမှတစ်ဆင့် စိတ်ခံစားမှု၊ လူမှုဆက်ဆံရေးနှင့် တွေးခေါ်မှုစွမ်းရည်များကို ဘက်စုံဖွံ့ဖြိုးအောင် တည်ဆောက်ပေးသည့် ဆက်ဆံရေးအခြေပြု ချဉ်းကပ်မှုတစ်ခုဖြစ်သည်။
Dental Crowns (သွားအစွပ် တပ်ခြင်း)
ပျက်စီးကျိုးပဲ့သွားသော သွားများကို ကာကွယ်ရန်နှင့် အဆင်ပြေစွာ အသုံးပြုနိုင်ရန် သွားအစွပ် အမျိုးအစားများစွာ တပ်ဆင်သုံးစွဲနိုင်သည်။
Discectomy (ခါးရိုးဆစ်အရိုးနုပြားခွဲစိတ်ဖယ်ထုတ်ခြင်း)
ခါးရိုးတွင်း အာရုံကြောညပ်သည့် အခြေအနေတွင် ခံစားနေရသော ခြေလက် နာကျင်ခြင်း၊ ထုံကျဥ်ခြင်း၊ ကြွက်သားအားနည်းခြင်းများကို အာရုံကြောအား ပိနေသော ကျွံထွက်နေသည့် အရိုးနုပြားကို ခွဲစိတ်ဖယ်ထုတ်ခြင်းဖြင့် သက်သာစေသည်။
Day Case Surgery (နေ့ချင်းပြန်နိုင်သောခွဲစိတ်ကုသမှု)
နည်းပညာတိုးတက်မှုကြောင့် လူနာများအနေဖြင့် အချို့သော ခွဲစိတ်ကုသမှုများကို ဆေးရုံတက်ရန် မလိုဘဲ နေ့ချင်းပြန်နိုင်သောခွဲစိတ်မှုဖြင့် စနစ်တကျ ကုသမှုခံယူနိုင်ပြီဖြစ်သည်။
Digital Rectal Examination (လက်ချောင်းဖြင့် စအိုအတွင်း စစ်ဆေးခြင်း)
အစာဟောင်းအိမ်နှင့် စအိုအတွင်းရှိ ရောဂါများကို သိရှိရန် စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။

