CLL HEALTH ကျန်းမာသုတ
Cardiomyopathy (နှလုံးကြွက်သားရောဂါ)
Cardiomyopathy (နှလုံးကြွက်သားရောဂါ) ဆိုသည်မှာ နှလုံးကြွက်သားများ တောင့်တင်း၊ ထူထဲ သို့မဟုတ် ကြီးမားလာပြီး ခန္ဓာကိုယ်သို့ သွေးကောင်းစွာ မညှစ်ထုတ်ပေးနိုင်တော့သဖြင့် အချိန်ကြာလာပါက နှလုံးစွမ်းဆောင်ရည်ကျဆင်းပြီး နှလုံးပျက်စီးခြင်း (Heart failure) နှင့် ရုတ်တရက်သေဆုံးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့် ရောဂါအခြေအနေဖြစ်သည်။
Coeliac disease (Gluten ပရိုတင်းနှင့် ဓာတ်မတည့်သောရောဂါ)
Gluten ပရိုတင်းကို ခန္ဓာကိုယ်မှ တုံ့ပြန်သည့် ကိုယ်ခံအားမူမမှန် တုံ့ပြန်ရောဂါတစ်မျိုးဖြစ်ပြီး အူလမ်းကြောင်းရောင်ရမ်းမှုကို ဖြစ်စေကာ အစာအာဟာရစုပ်ယူမှုကို ထိခိုက်စေသလို နောက်ဆက်တွဲ ပြဿနာများစွာ ဖြစ်စေနိုင်သဖြင့် Gluten လုံးဝမပါသော စားသောက်မှုပုံစံကို ရာသက်ပန် လိုက်နာရန် လိုအပ်သည်။
Cracked tooth (သွားပဲ့သွားအက်ခြင်း)
သွားပဲ့သွားအက်ခြင်း (Cracked tooth) သည် အသက်အရွယ်၊ မာသောအရာများကို ကိုက်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် အများဆုံး ဖြစ်ပွါးတတ်ပြီး အချိန်မီမကုသပါက သွားကျဉ်ခြင်း၊ နာကျင်ခြင်းမှသည် သွားဖုံးပြည်တည်နာအထိ ဖြစ်စေနိုင်သော အခြေအနေတစ်ခုဖြစ်သည်။
Cholestasis of pregnancy (ကိုယ်ဝန်ဆောင်စဉ် သည်းခြေရည်စီးဆင်းမှု ချို့ယွင်းခြင်း)
ကိုယ်ဝန်ဆောင်စဥ် သည်းခြေရည်စီးဆင်းမှု ချို့ယွင်းခြင်းသည် ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးသုံးလပတ်တွင် ဖြစ်ပွါးတတ်ပြီး သည်းခြေရည်များ ကောင်းစွာမစီးဆင်းနိုင်သဖြင့် သွေးတွင်းသည်းခြေအက်ဆစ်ဓာတ်များကို မြင့်တက်စေကာ အရေပြားယားယံခြင်းကဲ့သို့ လက္ခဏာများ ပြနိုင်သည်။
Cystic hygroma (မွေးရာပါ ပြန်ရည်ကြော အရည်အိတ်)
ပြန်ရည်ကြောစနစ် ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော ကင်ဆာကျိတ်မဟုတ်သည့် အရည်ကြည်အိတ် အကျိတ်ဖြစ်ပြီး ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် မွေးဖွားပြီးစတွင် စစ်ဆေးတွေ့ရှိနိုင်ကာ စောစီးစွာ ရောဂါရှာဖွေကုသခြင်းဖြင့် နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်သည်။
Clavicle Fracture (ညှပ်ရိုးကျိုးခြင်း)
ညှပ်ရိုးကျိုးခြင်းအများစုကို မခွဲစိတ်ဘဲကုသသည့် နည်းလမ်းများဖြင့် ကုသ၍ရသော်လည်း၊ အရိုးကြေမွမှုများခြင်းနှင့် အရိုးနေရာရွေ့သွားခြင်းများ ရှိပါက ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။



