CLL HEALTH ကျန်းမာသုတ
Brucellosis (ဘရူဆယ်လိုဆစ် ကူးစက်ရောဂါ)
တိရစ္ဆာန်မှ လူသို့ ကူးစက်သော ရောဂါဖြစ်ပြီး ဘရူဆယ်လာဘက်တီးရီးယားပိုး ပါရှိနေသော မသန့်ရှင်းသည့် နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးခြင်း၊ မကျက်တကျက် ချက်ထားသော အသားများကို စားသုံးခြင်း၊ တိရစ္ဆာန်မှထွက်သော အရည်များကို ကိုင်တွယ်ခြင်းတို့ကြောင့် ကူးစက်ကာ ပဋိဇီဝပိုးသတ်ဆေးများဖြင့် ထိရောက်စွာ ကုသနိုင်သည်။
Bromhidrosis (ကိုယ်နံ့ သို့မဟုတ် ချိုင်းနံ့နံခြင်း)
ချိုင်းနံ့နံခြင်းသည် ချွေးဂလင်းများမှထွက်သော ချွေးနှင့် အရေပြားမျက်နှာပြင်ရှိ ဘက်တီးရီးယားများ ဓာတ်ပြုခြင်းကြောင့် ဖြစ်ပွါးရသည်။
Bruxism (Teeth Grinding) (သွားကြိတ်ခြင်း)
သွားကြိတ်ခြင်းသည် အများအားဖြင့် အန္တရာယ်မဖြစ်စေနိုင်သော်လည်း ရေရှည်ဖြစ်ပွါးလျှင် သွားပျက်စီးခြင်းနှင့် အခြားကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့ခံစားရနိုင်သည်။
Birth asphyxia (မွေးကင်းစကလေး အောက်ဆီဂျင်ပြတ်တောက်ခြင်း)
မွေးကင်းစကလေး အောက်ဆီဂျင်ပြတ်တောက်ခြင်းသည် မမွေးမီ၊ မွေးနေစဉ် သို့မဟုတ် မွေးပြီးချိန်၌ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်ပြီး နောက်ဆက်တွဲအနေဖြင့် ဦးနှောက်လုပ်ဆောင်ချက်များ ထိခိုက်နိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိ ပြင်းထန်နိုင်သည်။
Breast Cancer (ရင်သားကင်ဆာ)
ရင်သားကင်ဆာသည် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာများ၌ တစ်ခုအပါအဝင်ဖြစ်ပြီး စောစီးစွာ စမ်းသပ်တွေ့ရှိနိုင်ပြီး ကုသမှုခံယူနိုင်သောရောဂါဖြစ်သည်။
Biliary Atresia (BA) (မွေးရာပါ သည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးဘဲ ပိတ်နေခြင်း)
မွေးရာပါသည်းခြေပြွန် ကောင်းစွာမဖွံ့ဖြိုးဘဲပိတ်နေခြင်းသည် မွေးကင်းစကလေးဘဝ၌ပင် ရောဂါလက္ခဏာများပြနိုင်ပြီး အသက် (၂) လမတိုင်မီ ခွဲစိတ်ကုသမှသာ နောက်ဆက်တွဲပြဿနာများ နည်းပါးနိုင်သည့် ရောဂါအခြေအနေဖြစ်သည်။



