CLL HEALTH ကျန်းမာသုတ
Anomaly Scan (သန္ဓေသား၌ ကိုယ်ခန္ဓာချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်း)
ကိုယ်ဝန်သက် (၂၀) ပတ်ဝန်းကျင်တွင် ပြုလုပ်သော သန္ဓေသား၌ ကိုယ်ခန္ဓာချို့ယွင်းချက် ရှိမရှိ စစ်ဆေးခြင်းသည် သန္ဓေသား၏ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အသေးစိတ်သိရှိနိုင်ပြီး၊ မိခင်နှင့်ကလေးအတွက် အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုများ ကြိုတင်ပြင်ဆင်နိုင်ရန် အလွန်အရေးပါသော ဘေးကင်းလုံခြုံသည့် စစ်ဆေးမှုတစ်ခုဖြစ်သည်။
Arterial blood gas (ABG) test (သွေးတွင်းရှိ ဓာတ်ငွေ့ပမာဏများကို တိုင်းတာခြင်း)
သွေးတွင်းအောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ သွေးတွင်းအက်ဆစ်ဓာတ်များကို စစ်ဆေးတိုင်းတာခြင်းဖြစ်ပြီး နှလုံးရောဂါ၊ အဆုတ်ရောဂါနှင့် ကိုယ်ခန္ဓာဇီဝဖြစ်စဥ် ထိခိုက်စေသော ရောဂါများကို ရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသမှုများ၏ ထိရောက်မှုကို ဆန်းစစ်ခြင်းတို့အတွက် အသုံးဝင်သည်။
Allergy skin tests (အရေပြား၌ ဓာတ်မတည့်မှုများ စစ်ဆေးခြင်း)
ကိုယ်ခန္ဓာနှင့် ဓာတ်မတည့်မှုဖြစ်စေသော အရာဝတ္ထုများကို ရှာဖွေရန် အရေပြား၌စစ်ဆေးခြင်းဖြစ်ပြီး ဓာတ်မတည့်ရောဂါရှိသူများ၏ ဆေးကုသမှုအတွက် များစွာအထောက်အကူဖြစ်စေသည်။
Assisted vaginal delivery (ကိရိယာအကူအညီဖြင့် ကလေးမွေးဖွားခြင်း)
မွေးလမ်းကြောင်းမှတစ်ဆင့် မီးဖွားရာတွင် အကြောင်းအမျိုးမျိုးကြောင့် သဘာဝအတိုင်းမမွေးဖွားနိုင်လျှင် ကိရိယာများအသုံးပြု၍ ကူညီမွေးဖွားပေးရန် လိုအပ်နိုင်သည်။
Arthroscopy (မှန်ပြောင်းဖြင့် အဆစ်ခွဲစိတ်ခြင်း)
အဆစ်အတွင်းရှိ ရောဂါအမျိုးမျိုးနှင့် အခြေအနေများကို မှန်ပြောင်းဖြင့် တိုက်ရိုက်ကြည့်ရှု ခွဲစိတ်ကုသနိုင်သော နည်းလမ်းဖြစ်သည်။
Antistreptolysin O – ASO (အေအက်စ်အို သွေးစစ်ခြင်း)
အေအက်စ်အိုသည် ခန္ဓာကိုယ်အတွင်း Streptococcus ဘက်တီးရီယားပိုး ဝင်ရောက်ခဲ့ကြောင်း အထောက်အထားပြနိုင်သည့် သွေးထဲရှိ ခုခံဓာတ် (ပဋိပစ္စည်း)တစ်မျိုးဖြစ်သောကြောင့် ရောဂါပိုးမဟုတ်သကဲ့သို့ ASO စစ်ဆေးခြင်းဖြင့် ရောဂါအမည်တပ်၍ မရပါ။

