CLL HEALTH ကျန်းမာသုတ
Antenatal Corticosteroids (မမွေးဖွားမီ စတီးရွိုက်ဆေးပေးခြင်း)
မမွေးဖွားမီ ကြိုတင်ထိုးနှံရသော စတီးရွိုက်ဆေးသည် စောစီးစွာမွေးဖွားလာမည့် ကလေးငယ်များ၏ အဆုတ်ဖွံ့ဖြိုးမှုကို ကူညီပေးပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာအပါအဝင် အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲဆိုးကျိုးများကို သိသိသာသာ လျှော့ချကာကွယ်ပေးနိုင်သည်။
Antacids (အစာအိမ်အက်ဆစ် အာနိသင်ကို ပျက်ပြယ်စေသော ဆေးဝါးများ)
Antacids ဆေးများသည် အစာအိမ်အက်ဆစ်ကို လျင်မြန်စွာ ပျက်ပြယ်စေပြီး ရင်ပူခြင်းကို ချက်ချင်းသက်သာစေသော်လည်း၊ ၎င်းတို့သည် ရောဂါ၏ အခြေခံအကြောင်းရင်းကို ကုသပေးနိုင်ခြင်း မရှိသောကြောင့် မကြာခဏ သို့မဟုတ် ရေရှည်သုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်သည်။
Anti-histamines (ဟစ်စ်တမင်းဆန့်ကျင်ဆေးများ)
ဟစ်စ်တမင်းဆန့်ကျင်ဆေးများ (Anti-histamines) သည် ခန္ဓာကိုယ်အတွင်းရှိ ဟစ်စ်တမင်းကြောင့် ဖြစ်ပေါ်သော အာနိသင်များကို ပိတ်ဆို့ရန် လုပ်ဆောင်ပေးသော ဆေးဝါးအုပ်စုတစ်စုဖြစ်ပြီး၊ မှန်ကန်စွာ ရွေးချယ်သောက်သုံးရန် အရေးကြီးသည်။
Anthelmintics (သန်ချဆေးများ)
သန်ကောင်တွယ်ခြင်းသည် အဖြစ်များပြီး ကောင်းစွာမကုသပါက နောက်ဆက်တွဲပြဿနာများစွာ ဖြစ်စေနိုင်သောကြောင့် သန်ချဆေးများကို စနစ်တကျသောက်သုံးပြီး ပုံမှန်သန်ချရမည်။
Asthma Inhalers (ရင်ကျပ်ရောဂါကု ဆေးရှူကိရိယာများ)
ရင်ကျပ်ဝေဒနာရှင်များအတွက် မရှိမဖြစ် လိုအပ်သော၊ သေးငယ်ပြီး၊ လက်ဖြင့် အလွယ်တကူ ကိုင်တွယ် အသုံးပြုနိုင်သော ပစ္စည်းများဖြစ်သည်။
Antibiotics and Antibiotic Resistance (ပဋိဇီဝပိုးသတ်ဆေး နှင့် ဆေးယဥ်ပါးခြင်း ပြဿနာများ)
ယနေ့ခေတ်ကမ္ဘာကြီးတွင် ပဋိဇီဝပိုးသတ်ဆေးယဥ်ပါးခြင်း ပိုမိုများပြားလာခြင်းသည် လူသားတို့၏ ကျန်းမာရေးအတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။

