CLL HEALTH ကျန်းမာသုတ
Aspergillosis (အက်စပါးဂျီလက်စ်မှိုရောဂါ)
ပြင်ပပတ်ဝန်းကျင်နှင့် နေအိမ်အတွင်း အနှံ့အပြားတည်ရှိသော အက်စပါးဂျီလက်စ်မှိုပိုးသည် အဆုတ်ရောဂါအခံရှိသူများနှင့် ကိုယ်ခံအားနည်းသူများတွင် ပြင်းထန်သော ရောဂါဝေဒနာများကို ဖြစ်စေနိုင်သည်။
Acanthosis Nigricans (လည်ပင်းနှင့်အရေပြားခေါက်ချိုးရာနေရာများတွင် ထူထဲမည်းနက်ခြင်း/ အရေပြားမည်းပြီး ကတ္တီပါကဲ့သို့ ထူလာခြင်း)
Acanthosis nigricans ဆိုသည်မှာ ခန္ဓာကိုယ်၏ အရေပြားခေါက်ချိုးရာနေရာများနှင့် လည်ပင်းတို့တွင် အရေပြားထူပြီး မည်းနက်လာသည့် အခြေအနေတစ်ခုဖြစ်ကာ ၎င်းသည် သီးခြားရောဂါတစ်ခုမဟုတ်ဘဲ ခန္ဓာကိုယ်တွင်းရှိ အင်ဆူလင်တုံ့ပြန်မှုအားနည်းခြင်း သို့မဟုတ် အခြားကျန်းမာရေးပြဿနာများကို အချက်ပြနေသည့် လက္ခဏာတစ်ခုသာဖြစ်သည်။
Asbestosis (ကျောက်ဂွမ်းကြောင့်ဖြစ်သော အဆုတ်ရောဂါ)
ကျောက်ဂွမ်းမှုန်များကို အချိန်ကြာမြင့်စွာ ရှူရှိုက်မိခြင်းကြောင့် ဖြစ်ပွါးသော လုပ်ငန်းခွင်ဆိုင်ရာ အဆုတ်ရောဂါဖြစ်ပြီး၊ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သကဲ့သို့ ပျောက်ကင်းအောင် ကုသနိုင်ခြင်း မရှိသေးသဖြင့် ကျောက်ဂွမ်းမှုန်များနှင့် ထိတွေ့မှု မရှိအောင် တတ်နိုင်သမျှ ကာကွယ်ရန် လိုအပ်သည်။
Atrial Septal Defect (ASD) (နှလုံး ဘယ်၊ ညာ သွေးဝင်ခန်းနံရံတွင် အပေါက်ပါခြင်း)
Atrial Septal Defect (ASD) သည် နှုတ်ခမ်း၊ လျှာ၊ လက်သည်း ပြာခြင်းမရှိသော (Acyanotic CHD) အုပ်စုဝင် မွေးရာပါနှလုံးရောဂါတစ်မျိုးဖြစ်ပြီး အသက်ကြီးလာချိန်တွင် ပျောက်ကင်းနိုင်ခြေရှိသကဲ့သို့ တစ်ခါတစ်ရံ ခွဲစိတ်ကုသမှုနှင့် ဆေးဝါးကုသမှုများ လိုအပ်နိုင်သည်။
Amoebiasis (အမီးဘားကပ်ပါးပိုးကြောင့်ဖြစ်သောရောဂါ)
အမီးဘားကပ်ပါးပိုးသည် အူလမ်းကြောင်းရောင်ရမ်းစေပြီး ဝမ်းကိုက်ဝမ်းလျှောရောဂါကို ဖြစ်ပွါးစေနိုင်သည့်အပြင် အခြားကိုယ်တွင်းအင်္ဂါများတွင်လည်း ပြည်တည်နာများကို ဖြစ်ပေါ်စေနိုင်သဖြင့် ကပ်ပါးပိုးသတ်ဆေးများဖြင့် ထိရောက်စွာ ကုသရန် လိုအပ်သည်။
Albinism (သမင်ဖြူ)
သမင်ဖြူရောဂါသည် မယ်လနင်ဓာတ် ချို့တဲ့မှုကြောင့် ဖြစ်ပွားသော မျိုးဗီဇဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပြီး မျက်စိနှင့် အရေပြားကို စနစ်တကျကာကွယ်စောင့်ရှောက်မှုများဖြင့် ဘဝကိုကျန်းမာစွာ နေထိုင်ဖြတ်သန်းနိုင်သည်။



